ဆရာတော် ဘဒ္ဒန္တကောသလ္လ အတ္ထုပ္ပတ္တိ

 

  • မြန်မာနှစ် ၁၃၂၁-ခု တန်ခူလဆန်း (၂)ရက်နေ့၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကုန်းကံရွာတွင် ခမည်းတော် ဦးထွန်းစံ မယ်တော် ဒေါ်အုန်းမြိုင် တို့မှ မွေဖွားခဲ့သည်။

  • ၁၃၃၅ခုနှစ်တွင် ကျောက်ဆင်တောရ မဟာသတိပဋ္ဌာန်ရိပ်သာ ဆရာတော် ဘဒ္ဒန္တသူရိယကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေပြုခဲ့သည်။ ၁၃၄၁ခုနှစ် သီတင်းကျွတ် လပြည့်နေ့တွင် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကျောက်ဆင်တောရ မသာသတိပဋ္ဌာန်ကေောင်းတိုက်၌ ခမည်းတော် မည်တော်တို့၏ ပစ္စယာနုဂ္ဂဟ ခံယူကာ မြင့်မြတ်သော ရဟန်းဘဝ ရောက်ရှိခဲ့သည်။

  • မကွေးတိုင်း ပခုက္ကူမြို့ မဟာ ဝိသုတာရာမတိုက်၊ မုံရွာမြို့ အုတ်ကန်တောရ ကျောင်းတိုက်၊ မိတ္ထီလာမြို့ မဏိ ဇောတိကာရုံ ကျောင်းတိုက်၊ ရန်ကုန်မြို့ အလုံမြို့နယ် အောင်မင်္ဂလာ ကျောင်းတိုက်တို့၌ ဗုဒ္ဓစာပေများ လေ့လာခဲ့သည်။

  • အစိုးရ ပထမငယ် ပထမလတ် ပထမကြီးတန်းများ အောင်မြင်ခဲ့သည်။

  • ခရစ်နှစ် ၁၉၈၉ခုနှစ်တွင်  အမေရိကန်သို့ ရောက်ရှိကာ ယခု French Camp ကုသလကာရီကျောင်း၌ သီတင်သုံး သာသနာပြုလျက် ရှိသည်။

 

 


U_Guru

 

 

 

အရှင် ဂရုဓမ္မ အတ္ထုပ္ပတ္တိ

 

  • အရှင် ဂရုဓမ္မ သည် မြန်မာနှစ် ၁၃၃၃ခု ဝါခေါင် လဆန်း ၁၁ ရက် ၊ ခရစ်နှစ် ၁၉၇၁ တွင် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကုန်းကံရွာ တွင် ခမည်းတော် ဦးထွန်းကြွယ် ၊ မယ်တော် ဒေါ်အုန်းကြွယ် တို့မှ မွေးဖွားခဲ့သည်။

  • ၁၃၄၄ခုနှစ် တပေါင်းလဆုတ် ၁၀ ရက်တွင် မိတ္တီလာမြို့ မဏိဇောတိကာရုံကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေ ပြုခဲ့သည်။

  • မြန်မာနှစ် ၁၃၅၂ခု နတ္တော် လဆုတ် ၁၂ ရက်တွင် အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ဒေါ်သီတာမော်၏ ပစ္စယာ နုဂ္ဂဟ ခံယူကာ ရဟန်းပြုခဲ့သည်။

  • မိတ္တီလာမြို့ မဏိ ဇောတိကာရုံ ကျောင်းတိုက်၊ မန္တလေး မဟာမြိုင် ကျောင်းတိုက်၊ ပဲခူး ကြခတ်ဝိုင်း ကျောင်းတိုက်၊ အမရပူရ မဟာ ဂန္ဓာရုံ ကျောင်းတိုက်၊ မန္တလေး ပရိယတ္တိ သာသနာ တက္ကသိုလ် တို့၌ ဗုဒ္ဓစာပေများ သင်ကြားခဲ့သည်။

  • ခရစ်နှစ် ၁၉၉၈ ခုနှစ်တွင် တက္ကသီလ ဓမ္မစရိယ B.A (Buddhism) ဘွဲ့ ကို ရရှိခဲ့ပါသည်။

  • အရှင် ဂရုဓမ္မ သည် အမေရိကန်နိုင်ငံကို ၁၉၉၉ ခုနှစ် မတ်လတွင် ကုသလ္လကာရီကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ကာ San Francisco Bay Area နှင့် Central Valley နေရာ များတွင် တရားဓမ္မများ ဟောကြားခြင်း၊ အဘိဓမ္မာ ၊ ပဋ္ဌာန်း နှင့် ပါဌိစာပေများကို သင်ကြား ပို့ချလျက် ရှိပါသည်။